လောက်ကိုင် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေအခြေအနေများကို ပြန်လည်မြှင့်တင်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးခြင်းအခမ်းအနားကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကိုးကန့်ဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ဒေသအဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဖွဲ့ဝင် ဦးမိုးဇော်လတ်မှ ချေးငွေနှင့်ပတ်သက်၍ သိသင့်၊ သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ချေးငွေစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ချေးငွေစာချုပ် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ကိုးကန့်ဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ဒေသအဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ ဆောင်ရွက်သော ဒေသအဆင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ချေးငွေတင်ပြထားသူများ စုစုပေါင်း အင်အား ( ၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ညိုညိုဝင်း( လောက်ကိုင်)