တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းဝတ်စုံများ လာရောက်လှူဒါန်းပေး

တောင်ဥက္ကလာပ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ လာရောက်လှူဒါန်းပေးကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအတွက်  အမှတ်(၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ကျောင်းဝတ်စုံ(၂၁၀)စုံကို ကျောင်းသားကျောင်းသူကလေးများထံ လက်ဝယ်အ‌ရောက် သွားရောက်လှူဒါန်း‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဝတ်စုံများလှူဒါန်းပွဲသို့ အမှတ်(၅)အခြေခံပညာအလယ်တန်း ကျောင်းအုပ်‌ဆရာမကြီးနှင့်ဆရာမများ၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူမိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)