လပွတ္တာမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

လပွတ္တာ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို ယနေ့ နံနက်ပိုင်းက စက်ယန္တရားများ၊ လူအင်အားဖြင့် ဖော်ထုတ် ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦး အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ရေနုတ်မြောင်းများ၊ ရေဆိုးရေ ညစ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်