တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့်အစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ-ထိုင်းနယ်စပ်ကော်မတီ မြို့နယ်အဆင့် TBC အစည်းအဝေးကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက 1G1 ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အမှုအခင်း၊ အဓိကရုန်းများ လျော့နည်းပပျောက်စေရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ၊ ဥပဒေများ ပိုမိုနားလည်တက်ကျွမ်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်၊ ငှက်ပစ်တောင်ကျောင်းတိုက်ကြီးတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ မြို့ရှောင်လမ်း ကျောက်ရောမြေဖို့ ခင်းကျင်းနေမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အာဆီယံ Free Trade Zone ဖြစ်ပေါ်လာသည့်အခါ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)တံတားမှတစ်ဆင့် မြို့ရှောင်လမ်းအတိုင်း မောင်းနှင်၍ ပြည်တွင်းပြည်ပသို့ ကုန်သွယ်စီးဆင်းမှုလမ်းကြောင်း ဖြစ်ပေါ်လာနိုင်စေရန်နှင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ

လဲချားတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည်  ယနေ့နံနက် (၁၁)နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့တွင် မူးယစ်ဆေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

မော်လမြိုင်ကျွန်းမြို့တွင် မူးယစ်ဆေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ မော်လမြိုင်ကျွန်း ဇွန် ၂၀ မြို့နယ် (ပြန်/ဆက်)

တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၃း၀၀) နာရီအချိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

နောင်တရားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။

စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ (Community Centre) ခန်းမတွင် (၁၉.၆.၂၀၂၃) ရက်နေ့က စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို လူငယ်များ မသုံးစွဲသင့်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့သည်။

မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းများ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိစစ်ဆေးခြင်း သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
Subscribe to