လပွတ္တာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နေ့လည် (၁၂)နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပညာ အင်ဂျင်စက်ပြင်သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို တောင်သူများ ရွေးချယ်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးနှမ်း သီးနှံများကို တောင်သူများ၏ ယာမြေများတွင် မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ ယခုအခါမိုးနှမ်းများအပင်အား‌အောင်းပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်၌ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းစာသင်ဆောင်တွင် ကျင်းပသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူစုစုပေါင်း ၉၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူစုစုပေါင်း ၉၅ ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် ခုတင် ၅၀ ဆံ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။

ပင်လောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်တာဝန်ရှိသူများက မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့် ဘုန်းတော်ကြီးကျောင်းများအား နဝကမ္မ အဖြစ်ထောက်ပံ့ငွေများဆက်ကပ်လှူဒါန်း

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မုန်တိုင်းသင့် ဘုန်းတော်ကြီးကျောင်းများအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော နဝကမ္မအဖြစ်ထောက်ပံ့ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)အချိန်က ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
Subscribe to