နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ လက်ဆေးကန်ဆောက်လုပ်ပြီးစီး
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်၊ စီမံကိန်းဝင် ကျေးရွာဖြစ်သော ဘုရားကြီးကျေးရွာအုပ်စု မန်ပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်(4 unit) လက်ဆေးကန် တည်ဆောက်ခြင်းနှင့် လီတာ(၂၀၀၀)ဆန့် အမြင့်တင်ရေစည်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးကြောင်း သိရသည်။