စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ကျောက်မြောင်း ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ (Community Centre) ခန်းမတွင် (၁၉.၆.၂၀၂၃) ရက်နေ့က စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို လူငယ်များ မသုံးစွဲသင့်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ Talk Show ကို ကျောက်မြောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒေါ်သိင်္ဂီထွေး (ဒုတိယဦးစီးမှူး)နှင့် ဦးသီဟာနု (ရုပ်သံ ကျွမ်းကျင်-၃) တို့မှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း မေးမြန်းဆွေးနွေးခဲ့ကြသည်။ ပထမဦးစွာ ဦးသီဟာနုမှ မူယစ်ဆေးဝါး အဓိပ္ပါယ် ရှင်းပြပေးပါရန် မေးမြန်းခဲ့ရာ ဒေါ်သိင်္ဂီထွေးမှ မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေခြင်း၊ ကိုယ်ခန္ဓာကိုယ် တစ်နည်းနည်းဖြင့် ဘေးအန္တရာယ် ဖြစ်စေခြင်း၊ သုံးစွဲသူသည် ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေခြင်း၊ ဆက်လက်မသုံးစွဲဘဲ မနေ နိုင်အောင် ဖန်တီးထားသည့် ဆေးဝါးများဖြစ် ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်း မေးမြန်းခဲ့ရာ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲများနှင့် မိတ်ဆွေဖွဲ့ခြင်းများ၊ မည်သည့်မူးယစ်ဆေးမှ စမ်းသပ်မသုံးစွဲရ၊ စိတ်ဒုက္ခရောက်နေချိန်၊ ပြဿနာတစ်ခုခုဖြစ်နေချိန် စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးဝါးသုံးစွဲတက်ခြင်း၊ ရောဂါတစ်ခုခုအတွက် ဆရာဝန်၏ ညွှန်ကြားချက်မှ လွဲပြီး မည်သည့် မူးယစ်ဆေးနဲ့မှ ကုစားခြင်းမပြုရကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဦးသီဟာနုမှ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများအကြောင်း မေးမြန်းခဲ့ရာ ဒေါ်သိင်္ဂီထွေးမှ မူးယစ်ဆေးဝါး သုံးစွဲခြင်း ကြောင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ ဖြစ်ပေါ်တတ်ကြောင်း ပြောကြားခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများမှာ AIDS ခေါ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်ခြင်း၊ ဆေးလွန် ခြင်းဖြင့် မိန်းမောစွာအိပ်ပျော်ခြင်း၊ သတိမေ့မြောတက်ခြင်းဖြင့် အသက်ဆုံးရှုံးရခြင်း၊ ထုံနာ ကျင်နာ၊ အကြောသေရောဂါ၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ အကြောပိတ်ရောဂါ၊ ခန္ဓာကိုယ်အနှံ့အပြားတွင် အနာစိမ်းများပေါက်၍ သွေးစိတ်တက်ခြင်းများ ဖြစ်ပေါ်တတ် ကြောင်း ရှင်းပြခဲ့သည်။ ဆက်လက်၍ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း​ ပြောကြားရာ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံစူးစိုက်မှာလျော့ပါးလာခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံခြင်း၊ မိမိမိသားစုနှင့် လုပ်ငန်းအပေါ် စိတ်ဝင်စားမှု လျော့နည်းလာခြင်းနှင့် ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်တက်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

ကျောက်မြောင်း(ပြန်/ဆက်)