အထက်မင်းလှ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိစစ်ဆေးခြင်း သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းရှင်များ၊ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ/နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယိုခွေများ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ)တွင် သုံးစွဲခြင်း ရှိ/မရှိ၊ တရားမဝင်ကူးယူထားသော မြန်မာဗီဒီယိုအချပ်/ နယ်မြေကျော်လွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များ ရှိ/မရှိ၊ မှတ်ပုံထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ/ပြောင်းရွှေ့ခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)