အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂၅)၊အမှတ်(၃၉)၊ အ.ထ.က ခွဲ  (၂၉)ကျောင်းများသို့ ကျောင်းသား၊ကျောင်းသူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အများ ပြည်သူများထံ အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိ စေရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့သည်။

ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များငှားရမ်းဖတ်ရှု

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာ သူများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း  သိရသည်။

သုံးခွမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ် ၁၈ စက်မှုလယ်ယာစခန်း၊ သန်လျင်မြို့မှ သုံးခွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန် အနောက်ကျေးရွာ သုံးခွမျိုးသန့်ခြံ ၌ပြုလုပ်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်တွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့်ကော်မတီအစည်းအဝေး (၁/၂၀၂၃)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့်ကော်မတီအစည်းအဝေး (၁/၂၀၂၃)ကျင်းပခြင်းကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်းနှင့် တာဝန်ရှိသူများ ဆန်၊ ဆီ၊ ဆေး၊ ဝတ္ထုငွေများ လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ မဲအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းမင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်အား ဆန်တစ်အိတ်၊ စားအုန်းဆီ ၅ ပိဿာ၊ Multivitamin အားဆေး ၁ ဗူးနှင့်၊ ဝတ္ထုငွေ ၅၀,၀၀၀ ကျပ် ဆက်ကပ်လှူဒါန်းခဲ့သည်။
Subscribe to