ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည် ရေဝေရေလဲဒေသ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ဝါးစိုက်ခင်း(၃)ဧက  စိုက်ပျိုးဆောင်ရွက် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝတောများ ကောင်းမွန်စေရေးအတွက် ဝါးလုပ်ငန်းရှင်များ၊ ဒေသခံကျေးရွာပြည်သူများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည် ရေဝေရေလဲဒေသတွင် ဝါး(၃)ဧက အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ပေါ်ဦးစရာသီစာမျှစ်များ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်လုပ်ကိုင်လျက်ရှိပြီး မိုးဦးကျကာလတွင်ထွက်ရှိသည့် တောတောင်များတွင် သဘာ၀အလျောက် ပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာ မျှစ်များ တူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (လားရှိုး) တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး) စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းခန်းမတွင် ယနေ့နေ့လယ် ၁ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေး အခြခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသည့် ကျောင်းဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသည့် ကျောင်းဈေးဆိုင်များ ထုတ်ကုန်များလုံခြုံမှုနှင့်ကုန်အညွှန်အမှတ်တံဆိပ်များ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးထံက သိရသည်။

သာပေါင်းသတင်းစာစက္ကူစက် ကုန်ကြမ်းရရှိရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သာပေါင်းသတင်းစာစက္ကူစက် ကုန်ကြမ်းရရှိရေး ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ တိုင်းဧရာ ဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းများဆောင်ရွက်ရန်နှင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ကော်မတီ ၏ (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏(စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်မည့် တာချီလိတ်မြို့နယ် အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဇွန်လ ၂၃ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်မည့် တာချီလိတ်မြို့နယ် အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျောက်စုကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောက်စု)၌ ပြုလုပ်ခဲ့သည်။

ဆဒုံးမြို့၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိပြီး ကလေးငယ်များ စာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်ဥာဏ် စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်၊၊
Subscribe to