ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အာကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ဥပဒေရုံး၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မအီမြို့ အ.ထ.က တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက  မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြရတနာ) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းပသည့် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ  သက်ကြီးအဘိုး ၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ လှူဒါန်း

တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်ရှိ သက်ကြီးအဘိုး ၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရ ဖြည့်စွက်စာများအား ယနေ့နံနက်(၈)နာရီက လိုက်လံထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းသား၊ ကျောင်သူများအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများကို မေလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပြီး ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ကာ သင်ခန်းစာများကို စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ သန့်ရှင်းသာယာလှပစေရေးသန့်ရှင်းရေးလုပ်ငန်းများနေ့စဉ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့လယ်လမ်းဆုံ၊ မကွေးလမ်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း တလျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တုံတာမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် လမ်းမကြီးဘေးစျေးဆိုင်တို့တွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကျော်တက်မှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို စက်ယန္တရားများ၊ လူအင်အားများဖြင့် ဖော်ထုတ်ရှင်းလင်း ဆောင်ရွက် ထားမှုများအား ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွက်လက်မြန်ဆန်ရေး လေ့ကျင့်မှုများပြုလုပ်

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစွည်းများ သဘာဝဘေးအပါအဝင် အမျိုးမျိုးသော ဘေးအန္တရာယ်များမှ   ကင်းလွတ်စေရေး   အသိပညာပေးဆောင်ရွက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း‌ဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာန စခန်းရုံးတွင် ပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာလက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။
Subscribe to