တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့်အစည်းအဝေး ပြုလုပ်

တာချီလိတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ-ထိုင်းနယ်စပ်ကော်မတီ မြို့နယ်အဆင့် TBC အစည်းအဝေးကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက 1G1 ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းရေအား ပူးတွဲအသုံးပြုရေးကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေကြီး၊ ရေလျှံရာတွင် ကြိုတင်သိရှိနိုင်ရေးအတွက် အချက်ပေးကိရိယာ တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တောမီးရှို့ခြင်းနှင့် မီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ယှဉ်တွဲကျေးရွာ တောင့်တင်းခိုင်မာစီမံချက်အနေနှင့် နှစ်နိုင်ငံနယ်စပ်ရှိ ကျေးရွာများအား ပညာရေး၊ ကျန်းမာရေး၊ အားကစားကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မယ်ဆိုင်ချောင်းအတွင်း တရားမဝင် ဖြတ်သန်း၍ မော်တော်ယာဉ်များ သယ်ဆောင်နေသည့် ကိစ္စများ၊ တာချီလိတ်ခရိုင်နှင့် ချင်းရိုင်ခရိုင်ကြား မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပို့နေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင်သယ်ဆောင်သည့် ကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံမှ ဆွေးနွေးရမည့် အချက် ၃၈ ချက်နှင့် ထိုင်းနိုင်ငံမှ ဆွေးနွေးရမည့် အချက် ၁၈ ချက်အား နှစ်ဖက်နိုင်ငံမှ သက်ဆိုင်ရာ ဌာနများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)