တောင်ဥက္ကလာပ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၃း၀၀) နာရီအချိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝင်းထက်ထက်အောင် တို့မှ ယနေ့ လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝစေရန်၊ စာတတ်သူတိုင်း စာဖတ်ရေး၊ စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ သိရှိနိုင်ရေး၊ သုတ၊ ရသစာပေများ ဖတ်ရှုခြင်းမှ ရရှိနိုင်သော ကောင်းကျိုးများနှင့် စာပေဖတ်ရှုမှု အားကောင်းပြီး လှပသောအနာဂတ်များ ဖန်တီးနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လူငယ်များစာပေကို မြတ်နိုးတန်ဖိုးထား၍ စာပေအသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေး ဆွေးနွေးပွဲ(TalkShow)များကို ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)