လဲချားတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

လဲချား ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည်  ယနေ့နံနက် (၁၁)နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ ထိထိရောက် ရောက်ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်း၊ ကာတွန်း၊ ကဗျာများ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)