လိပ်သို ဇွန် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်လုပ်ကိုင်လျက်ရှိပြီး မိုးဦးကျကာလတွင်ထွက်ရှိသည့် တောတောင်များတွင် သဘာ၀အလျောက် ပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာ မျှစ်များ တူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောတောင်များတွင် သဘာ၀အတိုင်းအလေ့ကျပေါက်ရောက်နေသော မျှစ်များသည် မိုးဦးကျကာလ ဇွန်၊ ဇူလိုင်လတွင် အများဆုံးထွက်ရှိပြီး မျှစ်များပေါ်ချိန်ရောက်လျှင် ဒေသနေပြည်သူများသည် မျှစ်များတူးဖော်ရောင်းချကြောင်း၊ သဘာ၀အတိုင်း ပေါက်ရောက်ပြီး ကျန်းမာ ရေးနှင့် ညီညွတ်ကာ လတ်ဆတ်ပြီး အရသာပိုမိုကောင်းမွန်သောကြောင့် မြို့အနီးရှိ ကျေးရွာများနှင့် ဒေသနေပြည်သူများ နှစ်ခြိုက်စွာဝယ်ယူစားသုံးကြောင်း၊ စားသုံးသူပြည်သူအများစုသည် မျှစ်များ ပေါ်ချိန်ရောက်လျှင် တစ်နှစ်တာပတ်လုံး ကြာရှည်စွာ စားသုံးရန်အတွက် တစ်နိုင်တစ်ပိုင်မျှစ်ချဉ် ပြုလုပ်ခြင်းနှင့် မျှစ်များကို မိနစ်အနည်းငယ်ခန့်ပြုတ်ပြီး ပလက်စတစ်အိတ်ဖြင့် ထုတ်ပိုးကာ သိုလှောင်ထားကြောင်း၊ စားသုံးသူများစွာ ကြိုက်နှစ်သက်သောကြောင့် မျှစ်များတူးဖော်ရောင်းချသည့်အချိန်တွင် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေကြကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ချိုးယူရရှိလာသောမျှစ်များကို လိပ်သိုမြို့ရှိအဝယ်ဒိုင်များတွင် ပြန်လည်ရောင်းချရာ တစ်ပိဿာလျှင် ငွေကျပ်(၈၀ဝိ/-) ရရှိပြီး ဝယ်ယူရရှိလာသောမျှစ်များကို ပြုတ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ ပို့ဆောင်ရောင်းချရာ တစ်ပိဿာလျှင်ကျပ် (၁၃၀ဝိ/-) ရရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)