ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေး အခြခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသည့် ကျောင်းဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသည့် ကျောင်းဈေးဆိုင်များ ထုတ်ကုန်များလုံခြုံမှုနှင့်ကုန်အညွှန်အမှတ်တံဆိပ်များ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးထံက သိရသည်။

ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်တံဆိပ်မပါရှိဘဲ မုန့်ထုတ်များရောင်းချခြင်းရှိမရှိစစ်ဆေးခြင်းအား ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးဦးဆောင်ကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/မများပူးပေါင်းကာ ကျောင်းဈေးဆိုင်များတွင်ရောင်းချလျက်ရှိသည့် အချိုရည်ဘူး၊ မုန့်ထုတ်များ၊ ရက်လွန်မလွန်နှင့် ကုန်အညွှန်းတံဆိပ်ပါမပါနှင့် ကျောင်းဈေးသည်များအား လိုက်နာရောင်းချရမည့်စည်းကမ်းချက် များအားပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း