အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ထီးချိုင့် ဇွန် ၂၀

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးရခြင်း၏​ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သူရက ကျောင်းသား/သူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့ပါသည်။

ထို့နောက် အ.ထ.က(ထီးချိုင့်)မှကျောင်းသား/သူ (၁၈)ဦးတို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မှူးယစ်‌‌ဆေးဝါ တို့ရှောင်ရှားခေါင်းစဉ်ဖြင့် စာစီစာကုံးကို  ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)