ပေါင်းတည်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီမှစ၍ မင်းကွက်(၃)ရပ်ကွက်၊ ရွှေတည်(၁)ကွက်သစ်၊ အခြေခံပညာ မူလတန်းကျောင်းဝင်းနေရာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းနေရာတို့တွင် ကျင်းပကြသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

စဉ့်ကူးမြို့တွင် “ပြည့်စုံသူ” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး အဝေးပြေး ကားလိုင်းသစ်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် “ပြည့်စုံသူ” အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး “ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-စဉ့်ကူး-ကျည်တောက်ပေါက် (စဉ့်ကူး-ရန်ကုန်) အဝေးပြေး ကားလိုင်းသစ်ကို ဇွန်လ ၁၅ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲလျက်ရှိသည်။

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက( အ.မ.က )ကော့ထော်ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်း၊ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်း၊ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်း ကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကာ လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။ 

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ပညာပါရမီခန်းမတွင် ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ်" အရ နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ဇွန်လ ၂၀ ရက်​နေ့တွင် တောင်နန်ချွန်​ကျေးရွာ တောင်သူဦးချစ်ကို၏ လယ်ယာမြေပေါ်တွင်  ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေများပေးဝေနေသည့် နွားတက်မြောင်းမကြီးအား သဲနုန်းများတူးဖော်ပေးမှုကြောင့် သီးနှံမျိုးစုံ(၂၂၂၀)ဧက ရေပြည့်ဝစွာပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး၊ မြောင်းများတွင် သဲနုန်းများတူးပေးခြင်း၊ မြောင်းနံရံများအားကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျ အဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်၌ စိုက်ပျိုးရေများ ပေးဝေနေသည့် နွားတက်မြောင်းမကြီးအား သဲနုန်းများတူးဖော်ပေးမှုကြောင့် သီးနှံမျိုးစုံ(၂၂၂၀)ဧက ရေပြည့်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပသည်။
Subscribe to