ကော့သောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် Hot Line ဖုန်းနံပါတ်စတေကာများ ဖြန့်ဝေခြင်းအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်း‌‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ  ဦးဆောင်၍ တိုင်း‌ဒေသကြီး၊ပြည်နယ်အသီးသီးသို့  ပြေးဆွဲလျက်ရှိသော  ခရီးသည် သယ်ယူပို့ဆောင်ရေး  မော်တော်ယာဉ်အသင်းများအား လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲနှင့်Hot Line ဖုန်းနံပါတ်စတေကာများ ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က  ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊   အဝေးပြေးယာဉ် ရပ်နားစခန်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း‌‌ရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ တာဝန်ခံများ၊ ယာဉ်မှူးများ၊ယာဉ်နောက်လိုက်များနှင့်ခရီးသွားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့နယ် အနော်ရထာတံတားထိပ်ဂိတ်၌ တရားမဝင်ကုန်သွယ်မှု မရှိ‌‌စေရေးကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ဧရာဝတီမြစ်ကူး အနော်ရထာတံတားထိပ်ဂိတ်၌ ‌ယမန်နေ့ နံနက်၉နာရီအချိန်က မော်တော်ကားများပေါ်တွင်တရား မဝင်ကုန်သွယ်မှုမရှိ​စေရေး မော်တော်ကားယာဉ် အဝင် /အထွက်စစ်ဆေး​ခြင်းများ ဆောင်ရွက်​​နေမှုကို ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ​ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်  အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌  ပြုလုပ်ခဲ့သည်။

ရန်ကင်းပညာရေးကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးကောလိပ်(မြတ်ပညာခန်းမ)တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ လွိုင်ကော်မြို့၌ကျင်းပ

ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စုရှိ နေကြာစိုက်ခင်းတွင်  ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒီးမော့ဆိုမြို့နယ်မှ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။

မင်းလှမြို့တွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု နေဗီယာမြက်သရုပ်ပြ စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းကို ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ တောင်သူ ဦး‌မောင်မောင်ရှိန်၏ စိုက်ကွက်(၅)ဧကတွင် ယမန်နေ့ နံနက် ၁၀ နာရီချိန်က‌ ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက် ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတခရိုင်ပြန်ဆက်ရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ဇွန်လ ၂၃ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်သည်။

လားရှိုးမြို့  Green Light ကိုယ်ပိုင်အလယ်တန်းကျောင်း တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက် (၅)ရှိ Green Light ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အစည်းအဝေးပြုလုပ်

ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် သည်။
Subscribe to