ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကျင်းပရာ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ်ပရိတ်တော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်ကျောင်းတွင် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် ပရိတ်တော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ လူငယ်နှင့် အတွေးအမြင် အသိပညာပေး Talk Show ကျင်းပ

တပ်ကုန်းမြို့၌ လူငယ်နှင့် အတွေးအမြင် အသိပညာပေး Talk Show ကျင်းပ တပ်ကုန်း ဇွန် ၂၅ တင်စိုးလွင်

ဆီဆိုင်မြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ ရေထွက်ပင်ရင်းမှ နွေရာသီရေခန်းခြောက်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ နမ့်ပါမူးရေထွက်၌ကျင်းပခဲ့သည်။

မင်းလှမြို့ ဘုရား‌ခြောက်ဆူကျောင်းတိုက်တွင် ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြောက်ရပ်ကွက်ရှိ ဘုရားခြောက်ဆူဘုန်းကြီးကျောင်း ဓမ္မာရုံတွင်ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၇နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to