လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

လားရှိုး ဇွန် ၂၅

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ဇွန်လ ၂၃ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရခြင်း၊ ဆေးရောင်ခြယ်ရာတွင်အသုံးပြုရမည့် ဆေးရောင်ကာလာများ၊ ဆေးရောင်ခြယ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပန်းချီပုံများတွင် ဆေးရောင်ခြယ်ခဲ့ကြသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအား အဟာရအဖြစ် မုန့်များပေးဝေခဲ့ပြီး ကလေးစာဖတ်ခန်းတွင် အသိပညာပေးကာတွန်းကားများ ပြသပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (ပြန်/ ဆက်)