မင်းလှ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းကို ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ တောင်သူ ဦးမောင်မောင်ရှိန်၏ စိုက်ကွက်(၅)ဧကတွင် ယမန်နေ့ နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာရွှေရည်လဲ့က တောင်သူများထံ တိရစ္ဆာန် အစာပင် (နေဗီယာမြက်) မျိုးများ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက တိရစ္ဆာန်အစာပင်(နေဗီယာမြက်)များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများကို စိတ်ဝင်တစားစိုက် ပျိုးမည်ဆိုပါက အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို ပြသဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)