ချောက်မြို့နယ် အနော်ရထာတံတားထိပ်ဂိတ်၌ တရားမဝင်ကုန်သွယ်မှု မရှိ‌‌စေရေးကွင်းဆင်းစစ်ဆေး

ချောက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ဧရာဝတီမြစ်ကူး အနော်ရထာတံတားထိပ်ဂိတ်၌ ‌ယမန်နေ့ နံနက်၉နာရီအချိန်က မော်တော်ကားများပေါ်တွင်တရား မဝင်ကုန်သွယ်မှုမရှိ​စေရေး မော်တော်ကားယာဉ် အဝင် /အထွက်စစ်ဆေး​ခြင်းများ ဆောင်ရွက်​​နေမှုကို ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအနော်ရထာတံတားထိပ်ဂိတ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအဖွဲ့ဝင်များဖြစ်‌သော မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့ပူးပေါင်း၍ တရားမဝင်ကုန်သွယ်မှုမရှိ​စေ​ရေး နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ ဆက်)