ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မျိုးစေ့ထုတ်တောင်သူထံသို့ မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် လယ်မြေများကို ထွန်ယက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မျိုးစေ့ ထုတ်လုပ်မည့် တောင်သူများထံသို့ မျိုးကောင်းမျိုး သန့် မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ဧရာဝတီသဘာဝရေပြင်အတွင်း ငါးကောင်ရေတစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ ကမ်းနားလမ်းဆိပ်ခံဘောတံတား၌ ပြည်ခရိုင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဧရာဝတီသဘာဝရေပြင်အတွင်း ငါးကောင်ရေတစ်သိန်းခွဲ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ငါးမျိုးစိုက်ထည့်သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အပတ်စဉ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများ အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် စည်လုံးခြင်းသည်အင်အား ရုပ်တုရှေ့ ဗလမင်းထင်လမ်းတွင် ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်နေမှု၊ အမှိုက်ရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခြင်း ပရဟိတဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီး​တောင် တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က ငကျည်တောက် -ဘူးသီးတောင်သွားရာ လမ်းမကြီးဘေးဝဲ/ယာရှိ တပ်မတော်သားများနှင့် ကျေးရွာသူ/ကျေးရွာသားများပူးပေါင်း၍ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်ဖြင့် ခြုံနွယ်/ပေါင်းပင်များ အားခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေခြင်းကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့နယ်အတွင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အဆင့်မြင့် ပညာတက္ကသိုလ်များ၊ အခြေခံ ပညာကျောင်းများ၊ အများပြည်သူများနှင့် သက်ဆိုင်သော နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖလား၊ မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပုဗ္ဗသီရီမြို့နယ် ဥပ္ပါတသန္တိဘုရား၊ တပေါင်းကွင်း အတွင်းမန်ကျည်း ၁၁ ပင်အားစိုက်ပျိုး၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ပျိုးခြံအမှတ် -၂  အတွင်းရှိပတ္တာရေကန် ပြုပြင်မွမ်းမံနိုင်ရေး လာရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပုဗ္ဗသီရီမြို့နယ် ဥပ္ပါတသန္တိဘုရား၊ တပေါင်းကွင်းအတွင်း မန်ကျည်း ၁၁ ပင်စိုက်ပျိုး​ခြင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ပျိုးခြံအမှတ်-၂ အတွင်းရှိ ပတ္တာရေကန်အားမွမ်းမံနိုင်ရေး ယမန်နေ့မွန်းလွဲပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ ပျဉ်းမနား မြို့ မြို့မိမြို့ဖများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း- ၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် ပြည်သူအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်ဂေါက်ကလပ်ဂေါက်သီးရိုက်ကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ရာမွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါက်သီးရိုက်အား ကစားသမားများ တက်ရောက်ကြသည်။
Subscribe to