ရန်ကင်းပညာရေးကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ရန်ကင်း ဇွန် ၂၅

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးကောလိပ်(မြတ်ပညာခန်းမ)တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့ရဲမှူးကြီးဇော်မင်းဆွေက မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများအတွက်  အရေးယူအပြစ်ပေးနိုင်သည့်  ပြစ်မှုပြစ်ဒါဏ်များ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုလျော့နည်းပပျောက်ရန်အတွက် ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်းများနှင့် ပတ်သက်၍ ပြောကြားသည်။ ထို့နောက်ရန်ကင်း မြို့နယ်ပြန်/ ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သူက မူးယစ်ဆေးဝါးဆိုတာဘာတွေလဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့်  လူမှုရေး၊   ကျန်းမာရေးဆိုင်ရာအတိဒုက္ခရောက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်ရေးအတွက် မိမိတို့ဌာနကအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ ဆွေးနွေဟောပြောခဲ့သည်။

ယင်းနောက် ဟောပြောပွဲအခန်းအနားသို့ တက်ရောက်လာသည့်   ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများအား ပြန်/ ဆက်ဦးစီးဌာနက  ထုတ်ဝေဖြန်ချီသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်အမှတ် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ဒေါ်သူ(ပြန်/ ဆက်)