လားရှိုးမြို့  Green Light ကိုယ်ပိုင်အလယ်တန်းကျောင်း တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်

လားရှိုး  ဇွန် ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက် (၅)ရှိ Green Light ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြော ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ဆောင်ရွက်နေသည့် အသိပညာပေး လုပ်ငန်းများအကြောင်း၊ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိသည့် သင်တန်းများအကြောင်းကို ရှင်းလင်းဟောပြောသည်။

ဟောပြောပွဲသို့တက်ရောက်လာကြသူများအား လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ကျောင်းသား၊ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့၊ Green Light ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ အလယ်တန်း ကျောင်သား၊ကျောင်း သူများ စုစုပေါင်းအင်အား  ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)