လားရှိုး ဇွန် ၂၅
ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် သည်။
အစည်းအဝေးတွင် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဒေသဖွံ့ဖြိုး တိုးတက် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက် ချက်များ၊ လားရှိုးမြို့တွင်း သာယာလှပစေရေးအတွက် တယ်လီဖုန်းကြိုးလိုင်းများ၊ လျှပ်စစ်မီးကြိုးများ၊ အင်တာနက်လိုင်းကြိုးများ စနစ်တကျရှိစေရေး၊ မြို့တွင်ရေမြောင်း များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်သရိုက်များမရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဇော်လင်းထွန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ် သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)