အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။