လွိုင်လင် ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အ.ထ.က(၃)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦး စီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ခန်းမအတွင်း၌ကျင်းပပြုလုပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကံစောလှိုင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ ယင်းနောက် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးလှိုင်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်သဏ္ဌန် တူဇာတ်တိုက်လေ့ကျင့်ခြင်း ဗီဒီယိုကလစ်ကိုပြသပါသည်။ ထို့နောက် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်များက ကြည့်ရှု့အားပေးကြကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်း သို့ ခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများတက်ရောက်ကြသည်။
ခရိုင်ပြန်/ဆက်