မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေ
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။