မြစ်ကြီးနား ဇွန် ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်းဝင်း အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအတွင်းရှိ အဆိုပါကျောင်းဝင်းအတွင်း မွေးမြူရေးဇုံနေရာမြေကွက်လပ်၌ ကျင်းပပြုလုပ်သည်။
ထိုသို့ စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ပထမနှစ်ကျောင်းသား/ ကျောင်းသူများက သတ်မှတ်နေရာအသီးသီး၌ ရေထောက် ကြံ့၊ ရေပိတောက်၊ ယင်းမာ၊ အမြောက်ဆံ၊ သစ်ဆိမ့်၊ ချယ်ရီ၊ မျောက်လုတ်၊ တောလက်ဖက်၊ ရေမနေ၊ ဂျီစားတမာနှင့် ချင်းဒညင်းစသည့် နှစ်ရှည်အရိပ်ရအပင်ကြီးမျိုး ၅၀၀ နီးပါးကို အတူတကွ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့တွင် မိုးရာသီအကြိုအပါအဝင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် မိုးရာသီအကြိုအဖြစ် (၈) ကြိမ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အဖြစ် (၁၄) ကြိမ်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ (၂၂) ကြိမ်တွင် ဝါးပင် (၆၀၀) အပါအဝင် ဒေသ မျိုးရင်းသစ်မျိုး(၂၅)မျိုးဖြင့် စုစုပေါင်းပေါင်းသစ်ပင်အရေအတွက် (၁၁၉၂၉) ပင်ကို စိုက်ပျိုးဆောင်ရွက် နိုင်ခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)