ညောင်ဦး ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လေးတဲစုတဲတိုက်သို့သို့ဝေမျှခြင်း ပရဟိတ မိသားစုက ယနေ့နံနက် ၁၁ နာရီ အချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေအလှူတော် အသင်း ဦးဝင်းမင်းထွန်းထံက သိရ သည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် လေးတဲစုတဲတိုက်သို့ ဝေမျှခြင်းမိသားစုကသောက်သုံးရေ ဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း