ပန်းတနော် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ဒေသခံပြည်သူများ၏ ငါးရိက္ခာဖူလုံစေရေးတို့အတွက် မင်းတစုကျေးရွာရှိ မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ယနေ့နံနက် ၉ နာရီက ငါးသားပေါက်ကောင်ရေ လေးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇေယျာမြင့်၊ အဖွဲ့ဝင် (၂) ဦးသိန်းဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်မာမာဆွေနှင့် ဝန်ထမ်းများ၊ အောင်ဟိတ်ငါးသားဖောက်စခန်းတာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၂)သိန်း၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၁) သိန်း၊ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၁)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄) သိန်းတို့ကို မင်းတစုသဘာဝမြစ်ချောင်းရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)