သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းထိုးနှံပေး

သရက်ချောင်း    ဇွန်    ၃၀

နိုင်ငံတစ်ဝန်း ကိုဗစ်–၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ်–၁၉ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေး လျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော ကျောင်းသား/သူများအား (ပထမအကြိမ်)ထိုးနှံပေးခြင်း၊ (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား (ဒုတိယအကြိမ်)ထိုးနှံပေးခြင်း၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေးထိုးနှံ၍ (၆)လပြည့် ကျောင်းသား/သူများအား (တတိယအကြိမ်) Booster Doseကို ရာနှုန်းပြည့်ထိုးနှံပေးခဲ့ပြီးအဆိုပါကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအား စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)