လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ စစ်တွေလမ်းနှင့် အမှတ်(၂၀)ရပ်ကွက်၊ အနော်ရထာလမ်းတို့တွင် ရောင်းချပေးပြီး၊ စစ်တွေလမ်းရှိ ရွှေဝါထွန်းအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းဆိုင်တွင် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၇နာရီက ဆန်၊ဆီ၊ကြက်ဥများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆန်၊ဆီ၊ကြက်ဥများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချရာတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရည်ရည်မွန်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် သမဝါယမအသင်းစု ဒုဥက္ကဋ္ဌ ဦးကျော်ဆွေတို့ ဦးဆောင်၍ အမှတ်(၁၂) ရပ်ကွက်၊ စစ်တွေလမ်းရှိ ရွှေဝါထွန်းအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းဆိုင် ဥက္ကဋ္ဌ ဦးသိန်းဝင်းမှအမှတ်(၁၂)ရပ်ကွက်အတွင်းရှိ အသင်းသားပြည်သူများအား ဆန်၊ဆီ၊ကြက်ဥများကို ဈေးနှုန်းအထူးသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)