တနင်္သာရီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွား သင်တန်းစတင်ဖွင့်လှစ်

တနင်္သာရီ ဇူလိုင် ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်ဖြင့် သင်ကြားသင်ယူလုပ်ငန်းများ ဆောင်ရွက်မည့် Grade-9 နှင့် Grade-12 ကျောင်းသား/သူများအတွက်၊ ထိရောက်သော သင်ယူမှုများ စဥ်ဆက်မပြတ် ရရှိစေရန်နှင့်  Grade-9 နှင့် Grade-12 တန်းပြ ဆရာ/မများ၏ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် Grade-9 နှင့်Grade-12သင် ရိုးသစ် (ဆင့်ပွား)သင်တန်းပို့ချမှုကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က တနင်္သာရီကျောင်း စာသင်ခန်း(၁၈)ခန်းခွဲ၍ လက်တွေ့သင်ကြားပေးကြောင်း သိရှိသည။

၄င်းဆင့်ပွားသင်တန်းကို ဇူလှိုင်လ(ပထမ)ပတ် စနေ/တနင်္ဂနွေနေ့မှစတင်၍ တတိယပတ် စနေ/တနင်္ဂနွေနေ့အထိ နေ့စဥ် မနက် ၉နာရီမှ ၁၂နာရီအချိန်ထိနှင့် နေ့လည် ၁နာရီမှ ညနေ ၄ နာရီအချိန်ထိ(၆)ရက်တာကျင်းပသွားမည်ဖြစ်ပြီး သင်တန်းကြီးကြပ် (၂)ဦး၊ ရုံးအဖွဲ့ (၂) ဦး၊ Grade-9 သင်တန်း နည်းပြဆရာ/မ (၁၄)ဦး ၊ သင်တန်းသားဆရာ/မ(၁၅၇)ဦးနှင့် Grade-12 သင်တန်းနည်းပြဆရာ/မ(၉)ဦး၊ သင်တန်းသားဆရာ/မ(၄၀)ဦးတို့အား စာသင်ခန်း(၁၈) ခန်းဖြင့် ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ကြရောက်သည့် ဆရာ/မများ နည်းပြများ နှင့်ကြီးကြပ်သူရုံးအဖွဲ့တို့အား နေ့တွက်စားစရိတ်အဖြစ် တစ်ရက်လျှင် (၃၀၀၀)ကျပ်နှုန်းနှင့် လာရောက်သည့် ခရီးအကွာအဝေးအလိုက် ခရီးစရိတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည် ။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)