တနိုင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

တနိုင်း ဇူလိုင် ၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၂၃)ဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွှန့်က အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူးဦးဇော်မျိုးက သင်တန်းသူများအား လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်က သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ တာဝန်ရှိသူများက သင်တန်းနည်းပြဆရာမကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသူများ အား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇွန်လ ၁ ရက်န့မှ ၃၀ ရက်နေ့ထိ (၁) လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပန်းအိ(တနိုင်း)