သထုံမြို့၌ အကြိုအခြေခံမီးသတ်သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ

သထုံ ဇူလိုင်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဆန်းဝင်းအောင်က သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးက သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သထုံခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၌ ဇူလိုင်လ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)