ရွှေဘိုတက္ကသိုလ်တွင် မြန်မာအမျိုးသမီးများ​နေ့ အထိမ်းအမှတ် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေဘို ဇူလိုင် ၃

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုတက္ကသိုလ်တွင်၊ သစ်​တောဦးစီးဌာနမှကြီးမှူးကျင်းပ​သော မြန်မာအမျိုးသမီးများ​နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အမှတ်(၈)စစ်အ​ခြေခံ​လေ့ကျင့်​ရေးတပ်ဒုတပ်နယ်မှူး၊ ခရိုင်သစ်​တောဦးစီးဌာနမှူးတို့က ​ရွှေဘိုတက္ကသိုလ်​ကျောင်းအုပ်​ဆရာမကြီးဒေါက်တာမျိုးမျိုး၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများထံ သစ်ပျိုးပင်များပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၈)စစ်အ​ခြေခံ​လေ့ကျင့်​ရေးတပ်ဒု​တပ်နယ်မှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်သစ်​တောဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ​ကျောင်းအုပ်ဆရာမကြီးနှင့်ဒု​ကျောင်းအုပ်ဆရာမကြီး၊ ပါ​မောက္ခ၊​ကထိက၊ မော်ကွန်းထိန်း၊ နည်းပြ၊ သရုပ်ပြဆရာ/ ဆရာမများဝန်ထမ်းများ တက်​ရောက်ခဲ့ကြပြီး ကံ​ကော်၊ ခ​ရေ၊ ကုက္ကိုလ်၊ မယ်ဇယ်၊ မယ်ဇလီနှင့် ယင်းမာ၊ပိတောက်၊ စုစုပေါင်းသစ်ပျိုးပင်(၅၁၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)