ပုသိမ် ဇူလိူင် ၃
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင် တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့အခမ်းအနားသည် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ချီးမြှင့်ဂုဏ်ပြုသည့်ပွဲ ဖြစ်ပါကြောင်းနှင့် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် ထူးမြတ်သည့် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ (၂၀၀၅၉)ဦး ဖြေဆိုဆို၍ အောင်မြင်သူ(၁၃၆၃၀)ဦးဖြင့် အောင်ချက် (၆၇.၉၅)ရရှိခဲ့ပါကြောင်း၊ (၆)ဘာသာဂုဏ်ထူး (၂၂)ဦး၊ (၅)ဘာသာဂုဏ်ထူး (၅၃)ဦး၊ (၄) ဘာသာ ဂုဏ်ထူး (၁၇၉)ဦး၊ (၃)ဘာသာဂုဏ်ထူး (၁၃၆၅)ဦး၊ (၂) ဘာသာဂုဏ်ထူး (၁၆၅၃)ဦး၊ (၁)ဘာသာဂုဏ်ထူး (၃၀၈၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၆၃၅၈)ဦးပေါ်ထွက်ခဲ့ပါကြောင်း၊ ဝိဇ္ဇာဘာသာတွဲ တစ်နိုင်ငံလုံးအဆင့် (၁)၊ အဆင့်(၄)နှင့် အဆင့်(၉)၊ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့် (၂)၊ အဆင့်(၃)နှင့် အဆင့်(၁၀) ရရှိပြီး၊ စုစုပေါင်း(၆)ဦးရရှိခဲ့ ပါကြောင်း၊ ယခုကဲ့သို့ ဆုများများရရှိခဲ့ပြီး အောင်ချက်များ တိုးတက်မြင့်မားလာခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၏ အနီးကပ် ကြီးကြပ်မှုနှင့် ကျောင်းအုပ်ကြီးများ အပါအဝင် ဆရာ၊ ဆရာများ၊ ကျောင်းသား/ ကျောင်းသူများအားလုံး တက်ညီလက်ညီ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 စာမေးပွဲ၌ အောင်ချက်အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ် ပေးကြစေလိုကြောင်း၊ နိုင်ငံ တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ် ကျောင်းသားလူငယ် လူရွယ်ကလေး များအား ငယ်စဉ်ကပင် ဉာဏ်ပညာထူးချွန်ထက်မြက်၍ ဗလငါးတန်ဖွံ့ဖြိုးပြီး စဉ်းစားတွေးခေါ် မျှော်မြင်နိုင်စွမ်းရှိသော၊ ပညာပြည့်ဝ နှလုံးလှသောသူများ များစွာပေါ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါကြောင်း၊ “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသည့်ဆောင်ပုဒ် အတိုင်း ပညာရေးသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ အုတ်မြစ်ဖြစ်သလို အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး လူစွမ်းအားအရင်းအမြစ်များ ထူးချွန်ထက်မြက်ရန်အတွက် ပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်နေပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း ခေတ်စနစ် နှင့်အညီ ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာ သင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ရရှိထားသည့် အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို အနာဂတ်သားကောင်း သမီးမွန်တို့အား လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေနှုန်း မြင့်မားရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေးတို့ကိုပါ ဆရာကြီး၊ ဆရာမကြီးများ ဆရာ၊ ဆရာမများ၊ မိဘပြည်သူများ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ရေး ကြိုးစားပေးခဲ့ကြသော ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးနှင့် တကွ ခရိုင်/မြို့နယ်များမှ ပညာရေးမှူးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးနှင့် ဆက်နွယ်နေသော ဌာနများပါ အထူး ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုပါကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ယခုနှစ် အောင်ချက်ရာနှုန်းထက် ပိုမိုတိုးတက်လာအောင် ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းလိုပါ ကြောင်း” ဂုဏ်ပြုအမှာစကားများ ပြောကြား သည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊မြို့နယ်၊ အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(တောက်တဲ့ရိုး)နှင့် ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀ ဦးမှ ၂၉ ဦးအတွင်း ၁၀၀ ရာခိုင်နှုန်းပြည့်ဖြေဆို အောင်မြင်သော ကျောင်းများအားလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၁)နှင့် တိုင်းဒေသကြီးအဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်၊ ဝိပ္ပံ ဘာသာတွဲ၌ တစ်နိုင်ငံလုံးအဆင့်(၂)နှင့် တိုင်းဒေသကြီး အဆင့်(၁)၊ (၅)ဘာသာဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၌ တစ်နိုင်ငံလုံးအဆင့်(၃)နှင့် တိုင်းဒေသကြီးအဆင့်(၂ )၊(၄)ဘာသာဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီး အဆင့်(၁)၊ (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ တွင် တိုင်းဒေသကြီး အဆင့်(၂ )၊ (၆)ဘာသာဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီး အဆင့်(၃)၊ (၅)ဘာသာ ဂုဏ်ထူးရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၄)နှင့် တိုင်းဒေသကြီးအဆင့်(၂)၊ (၅) ဘာသာ ဂုဏ်ထူးရှင်၊ ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၉)နှင့် တိုင်းဒေသကြီးအဆင့်(၃)၊ (၅)ဘာသာဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံး အဆင့်(၁၀)နှင့် တိုင်းဒေသကြီး အဆင့် (၃)၊ (၅)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီး အဆင့်(၄)၊ (၆)ဘာသာဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ တွင် တိုင်းဒေသကြီးအဆင့် (၅)၊ (၆)ဘာသာ ဂုဏ်ထူးရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အနောက်တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူးက သိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီးအဆင့် (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)နှင့် (၆)ဘာသာ၊ (၅)ဘာသာဂုဏ်ထူးရှင်များ အားလည်းကောင်း၊ တိုင်းမှူး၏ ဇနီးက ဝိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီးအဆင့်(၄)၊ (၅)၊ (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)နှင့် (၅)ဘာသာ၊ (၄)ဘာသာဂုဏ်ထူးရှင်များ အားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက ဝိဇ္ဇာဘာသာတွဲတွင် တိုင်းဒေသကြီးအဆင့် (၄)၊ (၅)၊ (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)နှင့် (၅)ဘာသာ၊ (၄)ဘာသာ ဂုဏ်ထူးရှင်များ အားလည်းကောင်း၊ (၆)ဘာသာဂုဏ်ထူးရှင်များအား ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများက သိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲများတွင် (၆)ဘာသာ၊ (၅)ဘာသာ၊ (၄)ဘာသာ ဂုဏ်ထူးရှင်များအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံ လုံးအဆင့်(၁)နှင့် တိုင်းဒေသကြီးအဆင့်(၁) (၆)ဘာသာဂုဏ်ထူးရှင် မထိုက်သူသူလင်းက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်း များနှင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအစိုးရအဖွဲ့မှ ချီးမြှင့်ဂုဏ်ပြုငွေ (၁၃၃၅)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)