မိုင်းခတ်မြို့၊ လူထုအခြေ‌ပြုဗဟိုဌာန၌ မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ စည်းကမ်း ထိန်းသိမ်းရေး ဆပ်ကော်မတီမှ အစည်းအဝေးပြုလုပ်

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အခမ်းအနားကို စည်းကမ်းထိန်းသိမ်း‌ရေးနှင့်အညီ စနစ်တကျကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ခိုင်ပြည်နယ် မောင်တောမြို့တွင် ဗိုလ်မှူးချုပ်တင်ဆွေသည် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများ အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်

ခိုင်ပြည်နယ် မောင်တောမြို့တွင် ဗိုလ်မှူးချုပ်တင်ဆွေသည် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများ အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက် မောင်တော ဇူလိုင် ၃ သက်လွင်စိုး

လယ်ဝေးမြို့နယ်အတွင်းနွေစပါးသီးနှံအထွက်နှုန်းကောင်းမွန်

လယ်ဝေးမြို့နယ်အတွင်းနွေစပါးသီးနှံအထွက်နှုန်းကောင်းမွန် လယ်ဝေး ဇူလိုင် ၃ နေရည်ဝန်းရွှေ

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက သဖန်းချိုကျေးရွာ ကန်ကုန်းဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင် ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ကျုံပျော်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် မြေမြုပ်ထည့်သွင်းခြင်း အခမ်းအနားကျင်းပ

မြေဆီလွှာပျက်စီးမှု ထိန်းသိမ်း၍ မြေသြဇာကောင်းမွန်ရန်နှင့် တောင်သူများ ရေရှည်အကျိုး ဖြစ်ထွန်းရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် မြေမြုပ်ထည့်သွင်းခြင်း အခမ်းအနားကို မြေရဲတောင်အုပ်စုရှိ တောင်သူ ဦးတင်ရှိန်လယ်‌မြေ၌ ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်သည်။
Subscribe to