ကျောက်ပန်းတောင်း ဇူလိုင် ၃
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ကို၊ ယနေ့ နံနက်(၉:၃၀)နာရီက ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centry တွင် ကျင်းပပြုလုပ်ခဲ့ကြောင်သိရသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အပတ်သက်သည့် အသိပညာပေး Talk Sho ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေက ပါဝင်ဆွေးနွေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လက်ရှိအချိန်တွင် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးအခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသမီးအခွင့်အရေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)