ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီခွဲအချိန်က ဖျာပုံမြို့အမှတ်(၁၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။