မြန်အောင်၌မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြန်အောင်   ဇူလိုင်  

ဇူလိုင်(၃)ရက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်ရေနံမြေဝန်း၌ ယနေ့နံနက် ၈း၀၀ ကကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊  မြန်အောင်/ရွှေပြည်သာရေနံမြေအထွေထွေမန်နေဂျာ ဦးညွှန့်နိုင်၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ထက်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဇော်မင်းထွန်း-၁ နှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့/ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ကျော်တို့က ကျွန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ရေတမာ၊ မယ်ဇယ်ပင်၊ ခရေ၊ မျောက်ငို ၊ ကံ့ကော်ပင် စုစုပေါင်း(၇၀၁)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  

ဝင်းဗိုလ် မြန်အောင်