မင်းတုန်း ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် သဘာဝပေါက်သည့် သစ်ပင်များ လျော့နည်းလာမှုကြောင့် ရာသီဥတုပူပြင်းလာမှု၊ မိုးရေချိန်နည်းလာမှုနှင့် လေထုညစ်ညမ်းမှုများ ပြန်လည်လျော့ကျလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်သစ်တောဦးစီးဌာနက ဦးဆောင်၍ အမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲကို မင်းတုန်းမြို့-မြောက်ပြင်ရွာ ဆက်သွယ်ရေးလမ်းဘေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာန ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းအင်အား (၁၂၀)ဦးက ပိတောက်ပင် (၃၀၀)ကို (၁၅)ပေခြားဖြင့် လမ်းဘေးတစ်လျှောက် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)