သဲကုန်း ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သဲကုန်းမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ကောက်ယူလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများနှင့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် ပြည်သူများ၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)