မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင်  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အသင်းဝင်များအနေဖြင့် လစဥ်ပထမအပတ်၌ ပြုလုပ်သည့်အစည်းအဝေးကို ပုံမှန်တက်ရောက်စေလိုကြောင်း၊  အသိပညာဗဟုသုတရရှိသည့် စာပေများရေးသား၍ စာမူတိုက်များသို့ ပေးပို့စေလိုကြောင်း၊  မြို့နယ်ပြန်/ဆက်မှ ဖွဲ့စည်းထားသည့် မိမိတို့ Book Club အပြင် Women ClubYouth Club များမှ ပြုလုပ်သည်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှေ့လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်သူဇာက ရန်ပုံငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်ငွေများကို ရှင်းလင်းပြောကြားခဲ့ပြီး  ယခုလအတွင်း  မြို့နယ်ပြန်/ဆက်မှ ကျင်းပပြုလုပ်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် မြို့နယ်စာရေးဆရာအသင်းမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်မှ ပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)