တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၂၁)ဧကစိုက်ပျိုးမည်

တံတားဦခရိုင်၊ တံတားဦးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်ဒေသအလိုက် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုမိုးစပါး(၁၂၁)ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြား

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိနေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ မိုင်းယောင်း ဇူလိုင် ၃ ဝေဝေခိုင်

ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြိုနယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း နှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

သံတွဲမြို့ အ.ထ.က (၁)ကျောင်း၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီမှစ၍ အ.ထ.က(၁)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်း အခမဲ့ဒုတိယအကြိမ်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုအရည် အသွေးများတိုးတက်လာစေရန် ရည်ရွယ်၍

သန်လျင် အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုးများလှူဒါန်း

သန်လျင်ခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးဝါးကုသမှုခံယူနေရသော လူနာများအသုံးပြုနိုင်ရန် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီတွင် အဆိုပါဆေးရုံကြီးခန်းမဆောင်၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတောကို စလင်းမြို့နယ် တည်ဘိုကန်ကျေးရွာအုပ်စု တည်ဘိုကန်ကျေးရွာ ကြိုးပြင်ကာကွယ်တော၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to