မိုင်းငေါ့မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကြရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ရုံးခန်းတွင် ပြသဆောင် ရွက်ခဲ့သည်။

မိုးနဲမြို့နယ် (အထက)ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းက ကြီးကြပ်၍ ကျောင်းသား/သူများ နိုင်ငံတော်၏ အထိမ်းအမှတ်နေ့ထူး‌ နေ့မြတ်များကို သတိတရရှိစေရန်၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာ မူလွန်ကျောင်း အမှတ် (၂၀) တို့ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

အုတ်ဖိုမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအသီးသီးတွင် ဇူလိုင်လ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသော မြို့များဖြစ်ပေါ်လာစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိတ္ထီလာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို ယနေ့နံနက် ၉ နာရီ အချိန်မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးနှင့် အထက (၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မိုးရာသီ၌ ဖြစ်တတ်သော သွေးလွန်တုပ်ကွေး‌ရောဂါ လက္ခဏာအကြောင်းများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသထားကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုးမိသားစုတို့က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်က အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်၌ ဒဿမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့စာဖြေဌာန၌ ဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲဖြေဆိုအောင်မြင်တော်မူကြသော မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ထပ်ဆင့်ချီးမြင့်ပူဇော်သည့် ၂၀၂၃ ခုနှစ် ဒဿမအကြိမ်မြောက် "စူဠဘွဲ့နှင်းသဘင်"အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်မြို့ဝင်္ကဘာတောရစာသင်တိုက်၌ ကျင်းပသည်။

မန့်ဟီးရိုးမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ကျောင်းသား/သူလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးနှင့် ကျောင်းသား/သူများအတွက် အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ဝိုင်းများနှင့် ပြပွဲပြိုင်ပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀)အချိန်က မူလတန်းကျောင်းသား/သူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာနတွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ဇူလိုင်လ(၁၇)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to