ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း ဆောင်ရွက်

ပုံပါကျင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာနတွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ဇူလိုင်လ(၁၇)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့အုပ်ချုပ်ရေးမှူးရုံး အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွင် ဦးမြင့်မိုးနှင့် ဝန်ထမ်းများက ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသည့် ပထမဦးစားပေးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး လာရောက်ဆောင်ရွက်သူများ၏ (Biographic Data)နှင့် (Biometric Data)များ ကောက်ယူ၍ Database အတွင်း ထိန်းသိမ်းကာ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ ကတ်ပြားများကို ရုံးချိန်အတွင်း ချက်ချင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးရခြင်းသည် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကိုစိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့အုပ်ချုပ်‌ရေးမှူးရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သော်တာ(ပြန်/ဆက်)